close

1560656_413733748773536_1054450518_n  

農曆新年前夕
木姐和姐告的關口每天都查到偷渡的人民

中國和緬甸的邊境非常長
其中又以木姐和姐告這兩個城市往中國的人數為最
緬甸人民可以用身份證在關口辦出境證⋯⋯
每天早上6點到下午7點止
費用1000緬幣
不少人或沒有緬甸身份證
或因其他問題而常偷渡兩國邊境
近日來公安幾乎每天都抓到這類無傷大雅的偷渡客

話說我也曾經偷渡越境過
那一年跑著兄長跑到大陸玩
貪玩的一群人超過回來的時間還沒回到國門
待我們要回國時
國境之門早已關閉
一群人只好走小路回國
所謂的小路也是非常大的通道
兩國國民都知道它的存在
我們又會緬甸話,又會雲南話
無論哪國公安抓到也都講的通
所以
膽子也就更大了^^
相信不少北撣邦的朋友都有這樣的經驗吧....
更多
တရုတ်နှစ်သစ်ကူးကာလ ရွှေလီနှင့် ကြယ်ဂေါင်သို့ တရားမ၀င် ၀င်ရောက်သူများကို နေ့စဉ်ဖမ်းဆီး

30.1.2014

တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီ၊ ကြယ်ဂေါင်ဒေသများတွင် တရုတ်နှစ်သစ်ကူး ကာလအတွင်း ၀င်ထွက်ခွင့်လက်မှတ် မပါရှိသူများကို တရုတ်ရဲမှ နေ့စဉ် စစ်ဆေးဖမ်းဆီ⋯⋯းနေကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုမျိုးကို ယခင်လများအတွင်းက တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ် တရုတ်နှစ်သစ်ကူးကာလ နီးလာချိန်တွင် ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း သိရှိရသည်။

““ဖမ်းတာက နေ့တိုင်းဖမ်းနေတာ၊ နံနက် ၆ နာရီကနေ ၁၀ နာရီအထိ တစ်ကြိမ်၊ ညနေ ၂ နာရီ နောက်ပိုင်းကနေ မိုးချုပ်ထိ မထင်ရင်မထင်သလို ဖမ်းနေတာ၊ ဖမ်းမိရင် တရုတ်ယွမ်ငွေ ၅၀၀ နဲ့ ပြန်ရွေးရတယ်။ မရွေးနိုင်ရင် တရုတ်ထောင်သုံးလကျခံရတယ်””ဟု ကြယ်ဂေါင်ဒေသတွင် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

ဖမ်းဆီးသည့်နေရာမှာ ကြယ်ဂေါင်ရွှေလီတံတားအလွန် နေရာနှင့် တရုတ်-မြန်မာနယ်စပ် စည်းရိုးခတ်ထားသော ဆင်ဖြူပေါက်သံဆန်ခါခိုး ၀င်ပေါက်နေရာ များ၊ စက်လှေဆိပ်များတွင် အဓိက ဖမ်းဆီးမှုပြုလုပ်လေ့ ရှိကြောင်း သိရှိရသည်။

““မှတ်ပုံတင်မရှိတဲ့သူတွေက ခိုးပေါက်ကနေ၀င်ကြတယ်။ ခိုးပေါက်က သံဆန်ခါကာထားတဲ့နေရာမှာ လူဝင်ပေါက်လုပ်ထားတာ။ မိရင်မလွယ်ဘူး။ မရွေးနိုင်တဲ့လူတွေကို အလုပ်စခန်းတွေကို အပို့ခံရတယ်။ ဒီရက်ပိုင်း မိတဲ့သူတွေများတယ်””ဟု ရွှေလီမြို့အတွင်းရှိ အလှပြင်ဆိုင်တစ်ခုမှ မအေးနန်းက ပြောသည်။

တရုတ်-မြန်မာနယ်စပ်ဖြတ်သန်းခွင့်အတွက် ၆ ညအိပ် ၇ ရက် လက်မှတ်ကို  ငွေတစ်ထောင်ကျပ်ဖြင့် ပြုလုပ်ပေးနေသော်လည်း မှတ်ပုံတင်မရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နယ်ဒေသများမှ လာရောက်အလုပ်လုပ်သူများမှာ တစ်ခါတစ်ရံတွင် ၀င်ထွက်ခွင့်လက်မှတ်မပြုလုပ်ဘဲ ခိုးပေါက်များမှ ၀င်ထွက်လေ့ရှိရာ တရုတ်ရဲများက မကြာခဏ ဖမ်းဆီးလေ့ရှိသည်။ ယခု တရုတ်နှစ်သစ်ကူးကာလဖြစ်နေ၍ ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံအချို့က သုံးသပ်ပြောကြားသည်။

Author: ကံသာ
7day Daily
arrow
arrow
    全站熱搜
    創作者介紹
    創作者 行腳婷 的頭像
    行腳婷

    JF的部落格

    行腳婷 發表在 痞客邦 留言(0) 人氣()