相片:မြန်မာပြည် လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သေး ရာ လာမည့် ၂၀၁၅-၂၀၁၆ တွင် တယ်လီဖုန်း သိပ်သည်းဆကို ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့်သွားမည်
Friday, September 13, 2013

မြန်မာပြည် လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သေး သည့် အတွက် လာမည့် ၂၀၁၅-၂၀၁၆ တွင် တယ်လီဖုန်း သိပ်သည်းဆကို ၇၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ မိုဘိုင်းဖုန်း သုံးစွဲသူ စုစုပေါင်း ခြောက်သန်းကျော် ရှိပြီး ထိုထဲတွင် GSM နှင့် WCDMA မိုဘိုင်းဖုန်း သုံးစွဲသူ စုစုပေါင်းမှာ သုံးသန်းကျော် ဖြစ်ကြောင်း သိရသည်။

''လာမယ့် ၂၀၁၅-၁၆ မှာ တယ်လီဖုန်း သိပ်သည်းဆကို ၇၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၈၀ အထိ မျှော်မှန်းထားပါတယ်။ အဲဒီအတွက် အော်ပရေ တာ လေးခုလုံး ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ အခုက လူဦးရေ သန်း ၆၀ ရဲ့ ၁၁ ဒသမ ၁ ရာခိုင်နှုန်းပဲ သုံးနိုင်သေးတယ်'' ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မော်က ပြောကြား သည်။ ပြည်တွင်း၌ ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်း အပါအ၀င် မိုဘိုင်းဖုန်း အလုံးရေ စုစုပေါင်း ၅ ဒသမ ၂ သန်း ရောင်းချပြီး ဖြစ်သော်လည်း အိမ်ထောင်စုတိုင်း ဖုန်းသုံးစွဲနိုင်ရန် လိုအပ်နေသေးကြောင်း မြန် မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းကျော်ရှိပြီး ရောင်းချပြီး မိုဘိုင်းဖုန်း အရေအတွက်နှင့် အချိုးကျ တွက်ကြည့်ပါက အိမ်ထောင်စု ၁ ဒသမ ၇ စုလျှင် မိုဘိုင်းဖုန်း တစ်လုံးနှုန်း ရရှိရမည် ဖြစ်သော်လည်း လက်ရှိတွင် အိမ်ထောင်စုတိုင်း မိုဘိုင်းဖုန်း သုံးစွဲနိုင်ရန် လိုအပ်နေသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားသည်။

အဆိုပါ တယ်လီဖုန်း သိပ်သည်းဆအား ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့်ဆောင်ရွက်ရာတွင် MPT၊ Ooredoo၊ Telenor နှင့် အခြား အော်ပရေတာ တစ်ခုတို့မှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ၎င်းကွန်ရက်များ တိုးချဲ့ရန်အတွက် မိုဘိုင်းဖုန်း တာဝါတိုင် ရှစ်သောင်းကျော်ကို စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် Myanmar Connect 2013 သို့ တက်ရောက် ဆွေးနွေးသူများအား တွေ့ရစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး)

Eleven Media Group
想去緬甸投資的朋友們
商機啊
但大家應該早想到了啦
哈~~

緬甸目前有六千多萬人口⋯⋯
擁有手機的人只有11%
政府部門希望在2015~2016年間
將手機擁有率提升到75~80%
自己算一下還能賣幾隻吧
餅是很大
吃下去能不能消化就看個人能力了


話說緬甸的朋友
因為資金不多
仰光和曼德勒等大城店租又貴
競爭又非常大

所以
他跑到蒙育瓦去開店
剛開始只有幾家店
所以有賺到一點
不到三個月
整條街都是手機店
店租又想漲
哈~~
看他有沒有資金長戰
因為別人也會面臨和他一樣的困境

蒙育瓦是印度到曼德勒必經市之一
所以很有發展空間的
arrow
arrow
    全站熱搜
    創作者介紹
    創作者 行腳婷 的頭像
    行腳婷

    JF的部落格

    行腳婷 發表在 痞客邦 留言(0) 人氣()