လုံးခင်းကျေးရွာအနီးတစ်ဝိုက်ရှိ မှော်လုပ်ကွက်များတွင် KIA မှ ဆက်ကြေး ကောက်ခံ
29.1.2014
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အနီးတစ်ဝိုက်ရှိ မှော် လုပ်ကွက်များတွင် ရေမဆေးကျောက် ရှာဖွေ တူးဖော် လုပ်ကိုင်သူ ရေ မဆေး ကျင်းပိုင်ရှင်များအာ⋯⋯း ဇန်န၀ါရီ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးငွေများ လာရောက်ပေးသွင်းရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)မှ ကောက်ခံထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ ဒီမှော်လုပ်ကွက်ထဲမှာ ရေမဆေးကျောက် ရှာဖွေနေတဲ့ အလုပ်သမားတွေက အများကြီးပါ၊ ကျင်းပိုင်ရှင်တွေက ငှားပြီး တူးခိုင်းတာပါ၊ ဆက်ကြေး ကောက် တာကတော့ ထုံးစံလို ဖြစ်နေပါပြီ၊ ဘယ်လောက်ပေးရလဲတော့ မသိ ဘူး ” ဟု ကျင်းလုပ် သား တစ်ဦးက ဆိုသည်။
အဆိုပါ ဆက်ကြေးငွေများအား တောင်းခံသော KIA အဖွဲ့ဝင်အချို့သည် နန့်မဖြစ်အုပ်စု မလင်းကျေးရွာ၌ ရွာသား အသွင်ဖြင့် နေထိုင်လျက် ရှိပြီး ရေမဆေးကျင်းပိုင်ရှင်များမှ ဆက်ကြေးငွေအား ၎င်းရွာသို့ သွားရောက် ပေးသွင်း ရမည်ဖြစ် ကြောင်း သိရသည်။
“ ရေမဆေး ကျင်းပိုင်ရှင် (၁) ဦးကို (၁) လစာ ဆက်ကြေးငွေ (၆) သောင်းပေးသွင်းရမယ်လို့ ကြားပါတယ် ၊ ဒီ ၂၀၁၄ နှစ်ဝက် စာဆိုပြီး တောင်းတာပါ၊ ၆ လစာဆိုတော့ (၃) သိန်း ခြောက်သိန်း လို့တော့ သိရပါတယ် ” ဟု မလင်းရွာခံ ရေမဆေးကျောက် ရှာဖွေ တူးဖော်သူ တစ်ဦးက ပြောကြားသည်။
“ နေ့စားငှားပြီး တူးရတာပါ၊ ကျောက်က အရင်လို ထွက်တော့တာ မဟုတ်ဘူး၊ လုပ်အားခနဲ့ ပြန်ရတာက သိပ်မကိုက်ဘူး၊ တချို့ဆိုရင် ရှုံးတယ်၊ အခုကချင်တပ်က နှစ်ဝက်စာ ဆက်ကြေးတောင်းထားတော့ ပိုဆိုးတာပေါ့၊ အချို့က မလုပ်ကြတော့ ဘူး၊ ရှုံးနေတဲ့အထဲ ဆက်ကြေးပါ ပေးနေရတာဆိုတော့ ဘယ်လိုမှ မကိုက်ဘူးလေ ” ဟု ရေမဆေး ကျင်းပိုင်ရှင် တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
နော်မိုင်
KDN
請先 登入 以發表留言。